ပြိင်ပွဲ ဝင်ကြေး သတ်မှတ်ပုံနှင့် ကုန်ကျစရိတ်

ပြိုင်ပွဲတွင် တစ်သင်းလျှင် ဝင်ကြေး (၁၀၀၀၀ိ/-) ကျပ်ကို ပေးသွင်းရမည် ဖြစ်သည်။
ကွင်းခ တစ်ယောက် တစ်ဝက် ပေးရမည် ဖြစ်ပြီး တစ်ဖက်လျှင် (၁၅၀၀၀ိ/-) ကျပ် ပေးရမည် ဖြစ်သည်။

ပြိုင်ပွဲ ဝင်ရန် ဆောင်ရွက်ပုံ

ပြိုင်ပွဲ ဝင်ရန်အတွက် သက်ဆိုင်ရာ အသင်းသည် ကိုယ့်အသင်း၏ Logo,
Page Link,
အသင်းသားများ၏ လူစာရင်း ဓာတ်ပုံ,
အသင်းခေါင်းဆောင်၏ ဓာတ်ပုံ,
အသင်းခေါင်းဆောင်၏ ဖုန်းနံပါတ်,
အသင်းခေါင်းဆောင်၏ နာမည် တို့ကို ပြိုင်ပွဲ၏ Chat Box (CB) သို့ စာရင်း ပေးသွင်းရမည် ဖြစ်သည်။

ပြိုင်ပွဲဝင် အသင်းများ နှင့် ပြိုင်ပွဲ ကျင်းပပုံ

ပြိုင်ပွဲ ဝင် အသင်းမှာ (၆၄ သင်း) ဖြစ်ပြီး… ပြိုင်ပွဲ ကျင်းပ ပုံမှာ (၄သင်း) တစ်အုပ်စုစီ ထားကာ ကျင်းပ ပေးမည် ဖြစ်ကာ ….ယင်း (၄သင်း) အုပ်စု စီမှ အုပ်စု ဇယားထိပ်တွင် ရပ်တည်နေသော အဆင့်(၁) နှင့် (၂) ကို ရှုံးထွက် ပြိုင်ပွဲသို့ ပေးတက်သွားမည် ဖြစ်သည်။

ပြိုင်ပွဲ ဆုကြေး ပေးအပ်ပုံ

ပြိုင်ပွဲတွင် …..
ပထမဆု   = ဖလား + ဆွဲပြား + (၄၀၀၀၀၀ိ/-) ကျပ်
ဒုတိယဆု  = ဖလား + ဆွဲပြား + (၂၀၀၀၀၀ိ/-) ကျပ်
တတိယဆု = ဖလား + ဆွဲပြား + (၁၀၀၀၀၀ိ/-) ကျပ်
ဆီမီး ဖိုင်နယ် = နှစ်သိပ်ဆု ဖလား
ကွာတား ဖိုင်နယ် = နှစ်သိပ်ဆု ဖလား
ကစားသမား အကောင်းဆုံး ဆုများကို ပေးအပ် သွားမည် ဖြစ်ပါတယ်။

ပြိုင်ပွဲ ကြာချိန်

ပြိုင်ပွဲ တစ်ပွဲကို မိနစ် (၄၀) သတ်မှတ်ထားပြီး၊ ပထမပိုင်း (၂၀ မိနစ်) ၊ ဒုတိယပိုင်း (၂၀ မိနစ်) ၊ နားချိန် (၅ မိနစ်) သတ်မှတ်ထားပါတယ်။

ပြိုင်ပွဲတွင် ပါဝင်ရမည့် ကစားသမား အရေအတွက်

ပြိုင်ပွဲတွင် တစ်သင်းလျှင် ကစားသမား အနည်းဆုံး (၅ ယောက်) မှ အများဆုံး (၁၄ ယောက်) အထိသာ ခွင့်ပြုပါသည်။

လူစားလဲမှု ပုံစံ

အကန့်သတ် မရှိ လူစား လဲနိုင်သည်။
လူစားလဲပါက ကွင်းထဲက ကစားသမား စည်းပြင်ရောက်မှ လူစားလဲရမယ် ဖြစ်သည်။

Goalkeeper ၏ စည်းမျဉ်း

ဂိုးသမားမှ လက်ဖြင့် ဖြစ်စေ၊ ခြေထောက်ဖြင့် ဖြစ်စေ (၄ စက္ကန့်) အတွင်း ဘောလုံး ပေးရမည်။
ဘောလုံးပေးရာတွင် အလယ်စည်း မကျော်ရ။
မှတ်ချက်။ ။ In Starting Ball သာ ဖြစ်သည်။

Out Ball စည်းမျဉ်း

ဘေးအောက်ဘော ဖြစ်ပါက ဘောလုံးငြိမ်ပြီး (၄ စက္ကန့်) အတွင်း စည်းပေါ်မှ သေချာစွာ ပေးရမည်။
ဘေးအောက် ဘောကို ဂိုးထဲသို့ ကန်သွင်းပါက တစ်ဖက်အသင်း ကစားသမားနှင့် ထိမှသာ ဂိုးအဖြစ် သတ်မှတ်မည် ဖြစ်သည်။
ဘောလုံး စည်းပြင် ထွက်မှသာ Out Ball ဖြစ်ပြီး၊ စည်းနှင့် အနည်းငယ် ညှိနေပါက Out Ball မဖြစ်ပါ။
Foul Ball ဖြစ်ပါကာ နောက်ဆုတ်ရမည့် အကွာအဝေး
Foul Ball ဖြစ်ပါကာ တစ်ဖက် အသင်းက ကစားသမားသည် (၃ မိတာ) နောက်ဆုတ်ပေးရမည်။
ဘေးအောက်ဘော ဖြစ်စေ၊ ထောင့်ကန်ဘော ဖြစ်စေ တစ်ဖက်အသင်းမှ (၃မိတာ) အကွာအဝေးသို့ နောက်ဆုတ်ပေးရမယ်။
Foul Ball စည်းမျဉ်း
ဘောလုံးကန်ရာတွင် Slide ထိုးပါက ဘောလုံးနှင့် မထိလျှင် Foul အဖြစ် သတ်မှတ်သည်။
တစ်ဖက်အသင်း ဘောလုံးမထိဘဲ ဂိုးသမား ဘောလုံး ပြန်ပေးပါက Foul Ball အဖြစ် သတ်မှတ်မည်။
Foul Ball ကို ဂိုးသမားနှင့် (၆မိတာ) အကွာမှ တည်ကန်ရပါမည်။

Penalty စည်းမျဉ်း

Foul (၆ ခါ) ကျူးလွန်ပါက ပထမ Penalty ပေးရမည် ဖြစ်ပြီး၊ (၇ ခါ) မြောက် ကျူးလွန်ပါကလဲ ဒုတိယ Penalty ပေးရကာ၊ (၈ ခါ) မြောက် ကျူးလွန်ပါက တတိယ Penalty ပေးရပါမည်။
Foul (၈ ခါ) ကျူးလွန်ပြီး ပြစ်ဒဏ်ကျူးလွန်ပါက Foul Ball ကို အသစ်က ပြန်စမှတ်ပါမည်။
Penalty Area အတွင်း ပြစ်ဒဏ်ကျူးလွန်ပါက Penalty ဖြစ်သည်။

အဝါကဒ် နှင့် အနီးကဒ် စည်းမျဉ်း

ပြိုင်ပွဲတွင် ပြိုင်ပွဲမစမှီ ပြိုင်ပွဲကော်မတီ ထံတွင် ဝါ၊နီ စပေါ်ကြေး (၁၀၀၀၀ိ/-)ကျပ် ပေးသွင်းကာ ပြိုင်ပွဲ ပြီးမှသာ ထုတ်ယူနိုင်ပါသည်။
အဝါကဒ်ကြေးမှာ တစ်ကဒ်လျှင် (၃၀၀၀ိ/-)ကျပ် ဖြစ်ပြီး၊ အနီကဒ်ကြေးမှာ တစ်ကဒ်လျှင် (၅၀၀၀ိ/-)ကျပ် ဖြစ်သည်။
အနီကဒ်ထိသော ကစားသမား သာ ကွင်းအတွင်း ဝင်ရောက်ခွင့် မရှိဘဲ၊ ကွင်းပြင်ပသို့ ထွက်ခွာပေးရမည်။
၂ဝါ၊ ၁နီ နှင့် တိုက်ရိုက် အနီကဒ် ထိသော ကစားသမားသည် အနီးကပ်ဆုံး (၁ပွဲ) လွဲချော်မည် ဖြစ်သည်။
ကစားသမား တစ်ဦး အနီကဒ် ထိပါလျှင် (၂ မိနစ်) တစ်ယောက်လျော့ ကစားပြီးမှ နောက်ကစားသမား တစ်ဦး ပြန်လည်ဝင်ခွင့် ပြုပါမည်။
(၂ မိနစ်) တစ်ယောက်လျော့ အနေအထားနှင့် ကစားနေစဉ် ဂိုးရသည် ဖြစ်စေ၊ ဂိုးပေးရသည် ဖြစ်စေ နောက်ထပ်ကစားသမား တစ်ဦး ပြန်လည် ဝင်ခွင့်ပြုသည်။
ခိုက်ရန်ဖြစ်ပွားပါက ရန်ရှာသော ကစားသမားကို ပြိုင်ပွဲမှ ထုတ်ပယ်မည် ဖြစ်ပြီး၊ အသင်းလိုက် ဖြစ်ပွားပါက အသင်းလိုက် ထုတ်ပယ်မည် ဖြစ်သည်။

Professional ပါဝင်ခွင့် ပုံစံ

ပြိုင်ပွဲတွင် MNL, MNL League(2), MFF Open Cup, MFF တွင် ကစားသမား များသည် အနှိမ့်ဆုံး(၃)နှစ်၊ (1.January. 2018) စ၍ နားထားသော ကစားသမားသာ ဝင်ရောက်ခွင့် ပြုပါသည်။
(၃နှစ်) အထိနားထားခြင်း မရှိဘဲ ဝင်ရောက်ကစားပါက ပြိုင်ပွဲမှ အမေးအမြန်း မရှိဘဲ ထုတ်ပယ်မည် ဖြစ်သည်။

ကစားသမား ပါဝင်ခွင့် ပြုပုံ

ကစားသမား ပါဝင်ခွင့်ကို တစ်သင်းလျှင် ကစားသမား (၁၄ ယောက်) အထိ ပါဝင်ခွင့် ပြုပါတယ်။

အထက်ပါ စည်းမျဉ်း စည်းကမ်းများကို လိုက်နာခဲ့ခြင်း မရှိပါက တစ်သင်းလုံး ထုတ်ပယ်သွားမှာ ဖြစ်ပါတယ်။

M10

Zawgyi

ၿပိင္ပြဲ ဝင္ေၾကး သတ္မွတ္ပုံႏွင့္ ကုန္က်စရိတ္

ၿပိဳင္ပြဲတြင္ တစ္သင္းလွ်င္ ဝင္ေၾကး (၁၀၀၀၀ိ/-) က်ပ္ကို ေပးသြင္းရမည္ ျဖစ္သည္။
ကြင္းခ တစ္ေယာက္ တစ္ဝက္ ေပးရမည္ ျဖစ္ၿပီး တစ္ဖက္လွ်င္ (၁၅၀၀၀ိ/-) က်ပ္ ေပးရမည္ ျဖစ္သည္။

ၿပိဳင္ပြဲ ဝင္ရန္ ေဆာင္ရြက္ပုံ

ၿပိဳင္ပြဲ ဝင္ရန္အတြက္ သက္ဆိုင္ရာ အသင္းသည္ ကိုယ့္အသင္း၏ Logo,
Page Link,
အသင္းသားမ်ား၏ လူစာရင္း ဓာတ္ပုံ,
အသင္းေခါင္းေဆာင္၏ ဓာတ္ပုံ,
အသင္းေခါင္းေဆာင္၏ ဖုန္းနံပါတ္,
အသင္းေခါင္းေဆာင္၏ နာမည္ တို႔ကို ၿပိဳင္ပြဲ၏ Chat Box (CB) သို႔ စာရင္း ေပးသြင္းရမည္ ျဖစ္သည္။

ၿပိဳင္ပြဲဝင္ အသင္းမ်ား ႏွင့္ ၿပိဳင္ပြဲ က်င္းပပုံ

ၿပိဳင္ပြဲ ဝင္ အသင္းမွာ (၆၄ သင္း) ျဖစ္ၿပီး… ၿပိဳင္ပြဲ က်င္းပ ပုံမွာ (၄သင္း) တစ္အုပ္စုစီ ထားကာ က်င္းပ ေပးမည္ ျဖစ္ကာ ….ယင္း (၄သင္း) အုပ္စု စီမွ အုပ္စု ဇယားထိပ္တြင္ ရပ္တည္ေနေသာ အဆင့္(၁) ႏွင့္ (၂) ကို ႐ႈံးထြက္ ၿပိဳင္ပြဲသို႔ ေပးတက္သြားမည္ ျဖစ္သည္။

ၿပိဳင္ပြဲ ဆုေၾကး ေပးအပ္ပုံ

ၿပိဳင္ပြဲတြင္ …..
ပထမဆု   = ဖလား + ဆြဲျပား + (၄၀၀၀၀၀ိ/-) က်ပ္
ဒုတိယဆု  = ဖလား + ဆြဲျပား + (၂၀၀၀၀၀ိ/-) က်ပ္
တတိယဆု = ဖလား + ဆြဲျပား + (၁၀၀၀၀၀ိ/-) က်ပ္
ဆီမီး ဖိုင္နယ္ = ႏွစ္သိပ္ဆု ဖလား
ကြာတား ဖိုင္နယ္ = ႏွစ္သိပ္ဆု ဖလား
ကစားသမား အေကာင္းဆုံး ဆုမ်ားကို ေပးအပ္ သြားမည္ ျဖစ္ပါတယ္။

ုၿပိဳင္ပဲြ ၾကာခ်ိန္

ၿပိဳင္ပဲြ တစ္ပဲြကို မိနစ္ (၄၀) သတ္မွတ္ထားၿပီး၊ ပထမပိုင္း (၂၀ မိနစ္) ၊ ဒုတိယပိုင္း (၂၀ မိနစ္) ၊ နားခ်ိန္ (၅ မိနစ္) သတ္မွတ္ထားပါတယ္။

ၿပိဳင္ပဲြတြင္ ပါဝင္ရမၫ့္ ကစားသမား အေရအတြက္

ၿပိဳင္ပဲြတြင္ တစ္သင္းလ်ွင္ ကစားသမား အနည္းဆံုး (၅ ေယာက္) မွ အမ်ားဆံုး (၁၄ ေယာက္) အထိသာ ခြင့္ျပဳပါသည္။

လူစားလဲမႈ ပံုစံ

အကန႔္သတ္ မရိွ လူစား လဲႏိုင္သည္။
လူစားလဲပါက ကြင္းထဲက ကစားသမား စည္းျပင္ေရာက္မွ လူစားလဲရမယ္ ျဖစ္သည္။

Goalkeeper ၏ စည္းမ်ဉ္း

ဂိုးသမားမွ လက္ျဖင့္ ျဖစ္ေစ၊ ေျခေထာက္ျဖင့္ ျဖစ္ေစ (၄ စကၠန႔္) အတြင္း ေဘာလံုး ေပးရမည္။
ေဘာလံုးေပးရာတြင္ အလယ္စည္း မေက်ာ္ရ။
မွတ္ခ်က္။ ။ In Starting Ball သာ ျဖစ္သည္။

Out Ball စည္းမ်ဉ္း

ေဘးေအာက္ေဘာ ျဖစ္ပါက ေဘာလံုးၿငိမ္ၿပီး (၄ စကၠန႔္) အတြင္း စည္းေပၚမွ ေသခ်ာစြာ ေပးရမည္။
ေဘးေအာက္ ေဘာကို ဂိုးထဲသို႔ ကန္သြင္းပါက တစ္ဖက္အသင္း ကစားသမားႏွင့္ ထိမွသာ ဂိုးအျဖစ္ သတ္မွတ္မည္ ျဖစ္သည္။
ေဘာလံုး စည္းျပင္ ထြက္မွသာ Out Ball ျဖစ္ၿပီး၊ စည္းႏွင့္ အနည္းငယ္ ၫွိေနပါက Out Ball မျဖစ္ပါ။
Foul Ball ျဖစ္ပါကာ ေနာက္ဆုတ္ရမၫ့္ အကြာအေဝး
Foul Ball ျဖစ္ပါကာ တစ္ဖက္ အသင္းက ကစားသမားသည္ (၃ မိတာ) ေနာက္ဆုတ္ေပးရမည္။
ေဘးေအာက္ေဘာ ျဖစ္ေစ၊ ေထာင့္ကန္ေဘာ ျဖစ္ေစ တစ္ဖက္အသင္းမွ (၃မိတာ) အကြာအေဝးသို႔ ေနာက္ဆုတ္ေပးရမယ္။
Foul Ball စည္းမ်ဉ္း
ေဘာလံုးကန္ရာတြင္ Slide ထိုးပါက ေဘာလံုးႏွင့္ မထိလ်ွင္ Foul အျဖစ္ သတ္မွတ္သည္။
တစ္ဖက္အသင္း ေဘာလံုးမထိဘဲ ဂိုးသမား ေဘာလံုး ျပန္ေပးပါက Foul Ball အျဖစ္ သတ္မွတ္မည္။
Foul Ball ကို ဂိုးသမားႏွင့္ (၆မိတာ) အကြာမွ တည္ကန္ရပါမည္။

Penalty စည္းမ်ဉ္း

Foul (၆ ခါ) က်ူးလြန္ပါက ပထမ Penalty ေပးရမည္ ျဖစ္ၿပီး၊ (၇ ခါ) ေျမာက္ က်ူးလြန္ပါကလဲ ဒုတိယ Penalty ေပးရကာ၊ (၈ ခါ) ေျမာက္ က်ူးလြန္ပါက တတိယ Penalty ေပးရပါမည္။
Foul (၈ ခါ) က်ူးလြန္ၿပီး ျပစ္ဒဏ္က်ူးလြန္ပါက Foul Ball ကို အသစ္က ျပန္စမွတ္ပါမည္။
Penalty Area အတြင္း ျပစ္ဒဏ္က်ူးလြန္ပါက Penalty ျဖစ္သည္။

အဝါကဒ္ ႏွင့္ အနီးကဒ္ စည္းမ်ဉ္း

ၿပိဳင္ပဲြတြင္ ၿပိဳင္ပဲြမစမွီ ၿပိဳင္ပဲြေကာ္မတီ ထံတြင္ ဝါ၊နီ စေပၚေၾကး (၁၀၀၀၀ိ/-)က်ပ္ ေပးသြင္းကာ ၿပိဳင္ပဲြ ၿပီးမွသာ ထုတ္ယူႏိုင္ပါသည္။
အဝါကဒ္ေၾကးမွာ တစ္ကဒ္လ်ွင္ (၃၀၀၀ိ/-)က်ပ္ ျဖစ္ၿပီး၊ အနီကဒ္ေၾကးမွာ တစ္ကဒ္လ်ွင္ (၅၀၀၀ိ/-)က်ပ္ ျဖစ္သည္။
အနီကဒ္ထိေသာ ကစားသမား သာ ကြင္းအတြင္း ဝင္ေရာက္ခြင့္ မရိွဘဲ၊ ကြင္းျပင္ပသို႔ ထြက္ခြာေပးရမည္။
၂ဝါ၊ ၁နီ ႏွင့္ တိုက္ရိုက္ အနီကဒ္ ထိေသာ ကစားသမားသည္ အနီးကပ္ဆံုး (၁ပဲြ) လဲြေခ်ာ္မည္ ျဖစ္သည္။
ကစားသမား တစ္ဦး အနီကဒ္ ထိပါလ်ွင္ (၂ မိနစ္) တစ္ေယာက္ေလ်ာ့ ကစားၿပီးမွ ေနာက္ကစားသမား တစ္ဦး ျပန္လည္ဝင္ခြင့္ ျပဳပါမည္။
(၂ မိနစ္) တစ္ေယာက္ေလ်ာ့ အေနအထားႏွင့္ ကစားေနစဉ္ ဂိုးရသည္ ျဖစ္ေစ၊ ဂိုးေပးရသည္ ျဖစ္ေစ ေနာက္ထပ္ကစားသမား တစ္ဦး ျပန္လည္ ဝင္ခြင့္ျပဳသည္။
ခိုက္ရန္ျဖစ္ပြားပါက ရန္ရွာေသာ ကစားသမားကို ၿပိဳင္ပဲြမွ ထုတ္ပယ္မည္ ျဖစ္ၿပီး၊ အသင္းလိုက္ ျဖစ္ပြားပါက အသင္းလိုက္ ထုတ္ပယ္မည္ ျဖစ္သည္။

Professional ပါဝင္ခြင့္ ပံုစံ

ၿပိဳင္ပဲြတြင္ MNL, MNL League(2), MFF Open Cup, MFF တြင္ ကစားသမား မ်ားသည္ အႏိွမ့္ဆံုး(၃)ႏွစ္၊ (1.January. 2018) စ၍ နားထားေသာ ကစားသမားသာ ဝင္ေရာက္ခြင့္ ျပဳပါသည္။
(၃ႏွစ္) အထိနားထားျခင္း မရိွဘဲ ဝင္ေရာက္ကစားပါက ၿပိဳင္ပဲြမွ အေမးအျမန္း မရိွဘဲ ထုတ္ပယ္မည္ ျဖစ္သည္။

ကစားသမား ပါဝင္ခြင့္ ျပဳပံု

ကစားသမား ပါဝင္ခြင့္ကို တစ္သင္းလ်ွင္ ကစားသမား (၁၄ ေယာက္) အထိ ပါဝင္ခြင့္ ျပဳပါတယ္။

အထက္ပါ စည္းမ်ဉ္း စည္းကမ္းမ်ားကို လိုက္နာခဲ့ျခင္း မရိွပါက တစ္သင္းလံုး ထုတ္ပယ္သြားမွာ ျဖစ္ပါတယ္။

M10