ပြိင်ပွဲ ဝင်ကြေး သတ်မှတ်ပုံနှင့် ကုန်ကျစရိတ်
၏ပြိုင်သည် ဝင်ကြေး  (၃၀၀၀၀ိ/-) ဖြင့် ကျင်းပသော ပြိုင်ပွဲ ဖြစ်သည်။
ပွဲတစ်ပွဲ ကစားလျှင် ကွင်းခ တစ်ယောက် တစ်ဝက် ပေးရမည် ဖြစ်ပြီး တစ်ဖက်လျှင် (၁၅၀၀၀ိ/-) ကျပ် ပေးရမည် ဖြစ်သည်။
ပြိုင်ပွဲ ဝင်ရန် ဆောင်ရွက်ပုံ
ပြိုင်ပွဲ ဝင်ရန်အတွက် သက်ဆိုင်ရာ အသင်းသည် ကိုယ့်အသင်း၏ Logo,
Page Link,
အသင်းခေါင်းဆောင်၏ ဓာတ်ပုံ,
အသင်းခေါင်းဆောင်၏ ဖုန်းနံပါတ်,
အသင်းခေါင်းဆောင်၏ နာမည် တို့ကို ပြိုင်ပွဲ၏ Chat Box (CB) သို့ စာရင်း ပေးသွင်းရမည် ဖြစ်သည်။
ပြိုင်ပွဲဝင် အသင်းများ နှင့် ပြိုင်ပွဲ ကျင်းပပုံ
ပြိုင်ပွဲ ဝင် အသင်းမှာ (၂၁ သင်း) ဖြစ်ပြီး……အမှတ်ပေး ပြိုင်ပွဲ ဖြစ်သည် အတွက် တစ်ပတ်လျှင် တစ်ပွဲ ကန်ရမည် ဖြစ်သည်။
League စတင်ပြီး ၅ ပတ် အကြာတွင် အဆင့် (၁ မှ ၁၆) အတွင်း ရပ်တည်သော ၁၆ သင်းသည်သာ …. ရှုံးထွက် ဖလား ဖြစ်သော M10 Super Cup ကစားရမည် ဖြစ်သည်။
ဒုတိယ ရာသီဝက် စပြီး ၂ ပတ် အကြာတွင် အဆင့် (၁ မှ ၁၆) အတွင်း ရပ်တည်သော ၁၆ သင်းသည်သာ …… ရှူံးထွက် ဖလား ဖြစ်သော M10 FA Cup ကစားရမည် ဖြစ်သည်။
ကစားသမား အပြောင်း အရွှေ့နှင့် ကစားသမား စာရင်း တင်ခြင်း
– ကစားသမား တစ်ဦးသည် အသင်းတစ်သင်းတွင်သာ မှတ်ပုံတင်ခွင့် ပြုသည်။
– –  သက်ဆိုင်ရာ အသင်းသည် League မှာ ကြေငြာသော ရက် အတွင်းသာ ကစားသမား အပြောင်းအရွှေ့  လုပ်နိုင်မည် ဖြစ်ပြီး ……League မှ သတ်မှတ်သော ရက် အတွင်း မိမိ အသင်းမှ ကစားသမား စာရင်း တင်ပြရမည် ဖြစ်သည်။
ရာသီဝက် နားချိန် နှင့် ရာသီဝက် အပြောင်းအရွှေ့
– League ရာသီဝက် နားချိန်မှာ (၃ ပတ်) ဖြစ်သည်။
– –  ရာသီဝက် အပြောင်းအရွှေ့  ကာလကို League မှ ကြေငြာမည်။
– ထိုရာသီဝက် အပြောင်းရွှေ့  ကာလ အတွင်းသာ ကစားသမား အပြောင်းရွေ့  ခွင့်ပြုပြီး ထို အပြောင်ရွှေ့ စာရင်းကို League မှ သတ်မှတ်သော ရက်အတွင်း တင်သွင်းရမည် ဖြစ်သည်။
– – မိမိ အသင်းသို့ အပြင်မှ ကစားသမား ခေါ်ယူသည် ဖြစ်စေ၊ ပြိုင်ပွဲဝင် အသင်းထံမှဘဲ ခေါ်ယူသည် ဖြစ်စေ League သို့ အကြောင်းကြားရမည်။
– သက်ဆိုင်ရာ အသင်းများ ဆောင်ရွက်ရမည့် အချက်များ
– – League ၏ တံဆိပ်သည် လက်မောင်း တွင် ပါဝင် ရမည်။ ထို လက်မောင်း တံဆိပ်သည် ညာဘက်တွင်သာ တပ်ဆင်ရမည်။
– သက်ဆိုင်ရာ အသင်း၏ အသင်းသားများသည် Player Card ရှိရမည်။ Player Card ရှိမှသာ ကွင်းထဲသို့ ဝင်ခွင့် ပြုမည် ဖြစ်သည်။ “မေ့ကျန်ခဲ့တယ်၊ ပျောက်သွားတယ်” ဆိုလဲ ကွင်းထဲ ပေးမဝင်ပါ။
– – ခြေအိတ်မတူ၍ သော်လည်ကောင်း၊ ဘောင်းဘီ အကျီ င် မတူပါကလဲ ကွင်းထဲ လုံးဝ ပေးမဝင်ပါ။
–  အသင်းတစ်သင်းတွင် အနည်း Player Keeper တစ်ယောက် ပါဝင်ခွင့် ပြုပါသည်။ (မှတ်ချက်။ ။ဂိုးသမား မရှိသော ပွဲမှသာ Keeper အဖြစ် ခွင့်ပြုမည် ဖြစ်သည်။)
–  – ကွင်းထဲတွင် အသင်းများကို အကြောရှော့ ခွင့် မပြုပါ။ ကွင်းပြင်တွင်သာ ကိုယ့် အသင်း၏ ကိစ္စ အဝဝ ကို အပြီး ဆောင်ရွက်ထားပါရန်။
– ကွင်းထဲသို့ ရောက်ပါက သက်ဆိုင်ရာ အသင်းသည် မိမိ အသင်းသား အားလုံးနှင့် ဆု၍ ဓာတ်ပုံတစ်ပုံ ရိုက်ကာ League CB သို့ ပို့ပေးရမည် ဖြစ်သည်။
– – Captain နှစ်ဦး လက်ဆွဲ နုတ်ဆက်သော ဓာတ်ပုံ တစ်ပုံ ပါဝင်ရမည်။
–  ပွဲမစခင် မရှင်းလင်းသည့် ကိစ္စ များကို ဒိုင်ကို တစ်ခါတည်း မေးပါရန်။ ပွဲပြီးမှ complain တက်ချင်းကို လက်မခံပါ။
–  – ပွဲ တစ်ပွဲတွင် ဖြစ်ပေါ်လာသော ကိစ္စ အဝဝ ကို အသင်း၏ နည်းပြ နှင့် အသင်းခေါင်းဆောင် သာ ဖြေရှင်းခွင့် ပေးမည် ဖြစ်သည်။
– ကစားသမားများ ဆောင်ရွက်ရမည့် အချက်များ
– – အသင်းသားများသည် တူညီ ဝတ်စုံ ရှိရမည်။ ခြေအိတ်တူညီ ရမည်။
– ဖိနပ် မပါ မဖြစ် ပါဝင် ရမည်။ ခြေဗျောင် လုံးဝ ကန်ခွင့် မရှိပါ။
– – အသင်းခေါင်းဆောင် သည် Captain လက်ပတ် ပါဝင်ရမည်။
– ကစားသမား များသည် ဘောလုံး ဘောင်းဘီ မှ လွှဲ၍ ဘောင်းဘီရှည် ဝတ်ခွင့် မပြုပါ။
– –  ကစားသမား များသည် အတွင်းခံ အလစ်စတစ် အရှည် ဝတ်ပိုင်ခွင့် မပေးပါ။
– မျက်မှန်တက်၍ ကစားခွင့် မပေးပါ။ မျက်မှန်တက်ရသော ကစားသမား ဖြစ်ပါက အားကစား မျက်မှန်သာ ဖြစ်ရမည်။
– –  ဂိုးသမားသည် ဘောင်းဘီ အောက်တွင် အလတ်စတစ် အရှည် ခံနိုင်သည်။ ဒူးကာ၊ တံတောင်ကာ သည် အရောင် မတူလျှင်လဲ ဝတ်ဆင်နိုင်ပါသည်။
ပြိုင်ပွဲတွင် အရေးယူမှုနှင့် အမှတ်လျှော့ ပြစ်ဒဏ် များ
– ပြိုင်ပွဲတွင် အကြောင်း အမျိုးမျိုးကြောင့်သော လည်ကောင်း ရာသီကုန်ခါနီးတွင် လည်ကောင်း နုတ်ထွက် ပါက ဒဏ်ကြေးငွေ တစ်သိန်းကျပ် (၁၀၀၀၀၀ိ/-) ပေးဆောင်ရမည်။
– –  ပြိုင်ပွဲတွင် ယှဉ်ပြိုင် ကစားရန် ပျက်ကွက်ခြင်းကို လုံးဝ ခွင့်မပြုပါ။ ထိုသို့ ပျက်ကွက်ပါက ပြစ်ဒဏ်ငွေ သုံးသောင်းကျပ် (၃၀၀၀၀ိ/-) ပေးဆောင်ရမည်။
– မိမိ အသင်း၏ ပရိတ်သတ်များ ဆူပူ သောင်းကျန်းပါက ပွဲကို ဆက်မကန်ဘဲ ရပ်နားစေပြီး တစ်ဖက် အသင်းကို (၃ဂိုး ၃မှတ်) လျော့ ပြစ်ဒဏ် ကြခံရမည်။
– – တစ်ဖက် အသင်းဘက်သို့ ရည်ရွယ်ချက် ရှိရှိ ကိုယ်ထိလက်ရောက် ပြစ်ဒဏ်ကျူးလွန်ပါက (၁၅မှတ်) ရော့ ပြစ်ဒဏ် ကြခံရမည် ဖြစ်သည်။
– တစ်ဖက် အသင်းဘက်သို့ ဆဲဆို နေပါက (၉မှတ်) လျော့ ပြစ်ဒဏ် ကြခံရမည် ဖြစ်သည်။
– –  မိမိအသင်း၏ ကစားသမားသော် လည်ကောင်း၊ နည်းပြ အဖွဲ့ဝင်သော် လည်ကောင်း အရက်၊ဘီယာ သောက်ထားပါက ကွင်းထဲမှာ ထုတ်ပယ် ပြီး ထိုကစားသမားနှင့် နည်းပြအား (၅ပွဲ) ပယ် ပြစ်ဒဏ် ကြခံရမည်။
– ဒဏ်ကြေးနှင့် ပြစ်ဒဏ်များကို လက်ခံခဲ့ခြင်း မရှိပါက-
– –  အသင်း logo,page,အသင်းခေါင်းဆောင်နှင့် ထည်ထောင်သူ ဓာတ်ပုံများ၊ အသင်းသားများ၏ ဓာတ်ပုံ များကို M10 Sunday Futsal League Page နှင့် M10 Football Association Page များတွင် Blacklist အသင်း ဖြစ် ကြေငြာ မည် ဖြစ်သည်။
ပြိုင်ပွဲ ဆုကြေး ပေးအပ်ပုံ
M10 Super Cup
••••••••••••••••••••
ပထမဆု   = ဖလား + ဆွဲပြား (ရွှေရောင်)
ဒုတိယဆု =  ဖလား + ဆွဲပြား (ငွေရောင်)
အကောင်ဆုံး ကစားသမားဆု
M10 FA Cup
•••••••••••••••••
ပထမဆု   = ဖလား + ဆွဲပြား (ရွှေရောင်)
ဒုတိယဆု =  ဖလား + ဆွဲပြား (ငွေရောင်)
အကောင်ဆုံး ကစားသမားဆု
M10 Sunday Futsal League
••••••••••••••••••••••••••••••••••••
ပြိုင်ပွဲတွင် …..
တစ်လတာ အကောင်ဆုံး ကစားသမား ဆု
တစ်လတာ အကောင်ဆုံး နည်းပြဆု
Time & Travel Records (Ect….)
MFA တစ်နှစ်တာ လူကြီး အကောင်ဆုံး ဆု ( ၂၃ နှစ် အထက်)
MFA တစ်နှစ်တာ လူငယ် အကောင်ဆုံး ဆု (၂၃ နှစ် အောက်)
ဂိုးသွင်း အများဆုံး ကစားသမား ဆု
ဂိုးဖန်တီးမှု အများဆုံး ကစားသမား ဆု
ဂိုးပေါက် ကာကွယ်မှု အများဆုံး ဂိုးသမား ဆု
ပထမဆု   = ဖလား + ဆွဲပြား + ဆုကြေး
ဒုတိယဆု  =  ဆွဲပြား + ဆုကြေး
တတိယဆု =  ဆွဲပြား + ဆုကြေး ဆုများကို ပေးအပ် သွားမည် ဖြစ်ပါတယ်။
ုပြိုင်ပွဲ ကြာချိန်
ပြိုင်ပွဲ တစ်ပွဲကို မိနစ် (၄၀) သတ်မှတ်ထားပြီး၊ ပထမပိုင်း (၂၀ မိနစ်) ၊ ဒုတိယပိုင်း (၂၀ မိနစ်) ၊ နားချိန် (၅ မိနစ်) သတ်မှတ်ထားပါတယ်။
ပြိုင်ပွဲတွင် ပါဝင်ရမည့် ကစားသမား အရေအတွက်
ပြိုင်ပွဲတွင် တစ်သင်းလျှင် ကစားသမား အနည်းဆုံး (၅ ယောက်) မှ အများဆုံး (၁၆ ယောက်) အထိသာ ခွင့်ပြုပါသည်။
လူစားလဲမှု ပုံစံ
အကန့်သတ် မရှိ လူစား လဲနိုင်သည်။
လူစားလဲပါက ကွင်းထဲက ကစားသမား စည်းပြင်ရောက်မှ လူစားလဲရမယ် ဖြစ်သည်။
မိမိ အသင်း၏ လူစားလဲ camp နှင့် စည်းသတ်မှတ်ထားသော Tape အတွင်းတွင်သာ ရှိရမည်။
လူစားမလဲဘဲ Tape စည်း အပြင်ထွက်နေပါက Foul တစ်ခု တက်မည် ဖြစ်သည်။
Goalkeeper ၏ စည်းမျဉ်း
ဂိုးသမားမှ လက်ဖြင့် ဖြစ်စေ၊ ခြေထောက်ဖြင့် ဖြစ်စေ (၄ စက္ကန့်) အတွင်း ဘောလုံး ပေးရမည်။
ဘောလုံးပေးရာတွင် အလယ်စည်း မကျော်ရ။
မှတ်ချက်။ ။ In Starting Ball သာ ဖြစ်သည်။
Out Ball စည်းမျဉ်း
ဘေးအောက်ဘော ဖြစ်ပါက ဘောလုံးငြိမ်ပြီး (၄ စက္ကန့်) အတွင်း စည်းပေါ်မှ သေချာစွာ ပေးရမည်။
ဘေးအောက် ဘောကို ဂိုးထဲသို့ ကန်သွင်းပါက တစ်ဖက်အသင်း ကစားသမားနှင့် ထိမှသာ ဂိုးအဖြစ် သတ်မှတ်မည် ဖြစ်သည်။
ဘောလုံး စည်းပြင် ထွက်မှသာ Out Ball ဖြစ်ပြီး၊ စည်းနှင့် အနည်းငယ် ညှိနေပါက Out Ball မဖြစ်ပါ။
Foul Ball ဖြစ်ပါကာ နောက်ဆုတ်ရမည့် အကွာအဝေး
Foul Ball ဖြစ်ပါကာ တစ်ဖက် အသင်းက ကစားသမားသည် (၃ မိတာ) နောက်ဆုတ်ပေးရမည်။
ဘေးအောက်ဘော ဖြစ်စေ၊ ထောင့်ကန်ဘော ဖြစ်စေ တစ်ဖက်အသင်းမှ (၃မိတာ) အကွာအဝေးသို့ နောက်ဆုတ်ပေးရမယ်။
Foul Ball စည်းမျဉ်း
ဘောလုံးကန်ရာတွင် Slide ထိုးပါက ဘောလုံးနှင့် မထိလျှင် Foul အဖြစ် သတ်မှတ်သည်။
တစ်ဖက်အသင်း ဘောလုံးမထိဘဲ ဂိုးသမား ဘောလုံး ပြန်ပေးပါက Foul Ball အဖြစ် သတ်မှတ်မည်။
Foul Ball ကို ဂိုးသမားနှင့် (၆မိတာ) အကွာမှ တည်ကန်ရပါမည်။
Penalty စည်းမျဉ်း
Foul (၆ ခါ) ကျူးလွန်ပါက ပထမ Penalty ပေးရမည် ဖြစ်ပြီး၊ (၇ ခါ) မြောက် ကျူးလွန်ပါကလဲ ဒုတိယ Penalty ပေးရကာ၊ (၈ ခါ) မြောက် ကျူးလွန်ပါက တတိယ Penalty ပေးရပါမည်။
Foul (၈ ခါ) ကျူးလွန်ပြီး ပြစ်ဒဏ်ကျူးလွန်ပါက Foul Ball ကို အသစ်က ပြန်စမှတ်ပါမည်။
Penalty Area အတွင်း ပြစ်ဒဏ်ကျူးလွန်ပါက Penalty ဖြစ်သည်။
အဝါကဒ် နှင့် အနီးကဒ် စည်းမျဉ်း
ပြိုင်ပွဲတွင် ပြိုင်ပွဲမစမှီ ပြိုင်ပွဲကော်မတီ ထံတွင် ဝါ၊နီ စပေါ်ကြေး (၁၀၀၀၀ိ/-)ကျပ် ပေးသွင်းကာ ပြိုင်ပွဲ ပြီးမှသာ ထုတ်ယူနိုင်ပါသည်။
အဝါကဒ်ကြေးမှာ တစ်ကဒ်လျှင် (၃၀၀၀ိ/-)ကျပ် ဖြစ်ပြီး၊ အနီကဒ်ကြေးမှာ တစ်ကဒ်လျှင် (၅၀၀၀ိ/-)ကျပ် ဖြစ်သည်။
အနီကဒ်ထိသော ကစားသမား သာ ကွင်းအတွင်း ဝင်ရောက်ခွင့် မရှိဘဲ၊ ကွင်းပြင်ပသို့ ထွက်ခွာပေးရမည်။
အနီကတ် ထိသော ကစားသမားသည် အနီးကပ်ဆုံး (၃ပွဲ) လွှဲ ချော်မည်။
ကစားသမား တစ်ယောက်သည် ပြိုင်ပွဲ တစ်လျှောက် ၅ဝါ ပြည့်ပါက အနီးကပ်ဆုံး (၁ပွဲ) လွှဲချော်မည်။
၂ဝါ၊ ၁နီ နှင့် တိုက်ရိုက် အနီကဒ် ထိသော ကစားသမားသည် အနီးကပ်ဆုံး (၂ပွဲ) လွဲချော်မည် ဖြစ်သည်။
ကစားသမား တစ်ဦး အနီကဒ် ထိပါလျှင် (၂မိနစ်) တစ်ယောက်လျော့ ကစားပြီးမှ နောက်ကစားသမား တစ်ဦး ပြန်လည်ဝင်ခွင့် ပြုပါမည်။
(၂မိနစ်) တစ်ယောက်လျော့ အနေအထားနှင့် ကစားနေစဉ် ဂိုးရသည် ဖြစ်စေ၊ ဂိုးပေးရသည် ဖြစ်စေ နောက်ထပ်ကစားသမား တစ်ဦး ပြန်လည် ဝင်ခွင့်ပြုသည်။
Professional ပါဝင်ခွင့် ပုံစံ
–   နိုင်ငံခြားသား ကစားသမား ပါဝင်ခွင့် ပြုသည်။ (မှတ်ချက်။  ။ Professional မဖြစ်စေရ)
–   – ပြိုင်ပွဲတွင် MFF တွင် (၂၀၁၉/၂၀၂၀) နောက်ဆုံး နှစ်တွင် ကစားထားသော ကစားသမား (၁ဦး) ထက် ပို၍ ကစားခွင့် မပြုပါ။
–  တစ်ဦးထက် ပို၍ ပါဝင်ကြောင်း သိရှိပါက ကန်ခဲ့သော ပွဲစဉ်အား ၃ဂိုး ၃မှတ်နှင့် အရှုံးပေးမည် ဖြစ်သည်။
ကစားသမား ပါဝင်ခွင့် ပြုပုံ
ကစားသမား ပါဝင်ခွင့်ကို တစ်သင်းလျှင် ကစားသမား (၁၆ ယောက်) အထိ ပါဝင်ခွင့် ပြုပါတယ်။
အထက်ပါ စည်းမျဉ်း စည်းကမ်းများကို လိုက်နာခဲ့ခြင်း မရှိပါက သက်ဆိုင်ရာ တစ်သင်းလုံးကို M10 Sunday Futsal League Page နှင့် M10 Football Association Page တွင် နာမည်ပျက် အသင်းအဖြစ် နှင့် Blacklist အသင်းအဖြစ် ကြေငြာမည် ဖြစ်သည်။
Zawgyi
Page Link,