M10 Super League ကစားသမားအပြောင်းအရွှေ့  နှင့် စည်းကမ်း ချက်များ

သက်ဆိုင်ရာ အသင်းများသည် League တွင် Deposits ကြေး (၃၀၀၀၀ိ/-) ကျပ် ပေးဆောင်ရမည် ဖြစ်သည်။ ထို Deposits ကြေး (၃၀၀၀၀ိ/-) ကျပ်ကို League ပြီးဆုံးချိန်တွင် ပြန်လည် ထုတ်ယူနိုင်ပါတယ်။ Deposits  ကောက်ခံ ရခြင်းမှာ အသင်းများ ခိုက်ရန် ဖြစ်ပွား၍ သော်လည်ကောင်း၊ ပြိုင်ပွဲ၏ ပွဲစဉ်  လာမကန်၍ သော်လည်ကောင်း ထို Deposits ကြေးမှ ဖြတ်တောက် သွားမည် ဖြစ်သည်။

M10 Super League ကို (27.6.2022) မှ (16.7.2022) အထိ သက်ဆိုင်ရာ အသင်းမှ ကစားသမား ခေါ်ယူခွင့် ပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ထို ကစားသမား အပြောင်းအရွေ့ကာလတွင် League ကို ခတ္တခဏ ရပ်နားထားမည် ဖြစ်ပြီး (17.7.2020) တွင်သာ ပြန်လည် ကျင်းပမည် ဖြစ်သည်။

ထို အပြောင်းရွေ့ ကာလာတွင် သက်ဆိုင်ရာ အသင်းမှ ခေါ်ယူသော ကစားသမား အသစ်များကို သောလည်ကောင်း၊ ရှိရင်းဆဲ ကစားသမား များကိုကော လည်ကောင်း တစ်ယောက်ချင်းစီ၏ မျက်နှာ ရှင်းလင်းသော ဓာတ်ပုံကို League Chat Box (CB) သို့ ပေးပို့ ရမည် ဖြစ်သည်။

ပွဲမကန်ခင် အချိန်တွင် ပြိုင်ပွဲ တာဝန်ရှိသူမှ ယှဉ်ပြိုင်မည့် အသင်း နှစ်သင်းလုံး၏ ကစားသမား Registere များကို စစ်ဆေး သွားမည် ဖြစ်ပြီး……ထိုသို့ စစ်ဆေးနေချိန်တွင် သက်ဆိုင်ရာ အသင်းမှ ခေါင်းဆောင် များပါ လိုက်လံ၍ ပူးပေါင်းစစ်ဆေးပေးပါရန် တိုက်တွန်းအပ်ပါသည်။

ကစားသမား Registere တင်ခြင်း အတွက်လဲ မူလက ဖော်ပြထားသည့် အတိုင်း အသင်း တစ်သင်း စီအတွက် ကစားသမား(၂၀ယောက်) အထိ ခွင့်ပြုထားသည်။

ထိုကာလာအတွင်းမှ အသင်းမှ ခေါ်ယူထားသော ကစားသမား မှ လွဲ၍ ပြင်ပ ကစားသမား ထည့်ကစားချင်းကို လုံးဝ လုံးဝ ခွင့်ပြုမည် မဟုတ်ပါ။ထည့်၍ ကစားပါက (၃ဂိုး ၃မှတ်) ဖြင့် အရှုံးပေးမည် ဖြစ်သည်။

M10 Football Association

#Zawgyi








